Home
မြန်မာသတင်း
လစ်ဗျားမြို့တော် ထရီပိုလီအနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား(ရုပ်သံ)
DVB
·
May 23, 2019
lib
လစ်ဗျားမြို့တော် ထရီပိုလီကို သိမ်းယူဖို့ ကြိုးပမ်းတဲ့ တိုက်ပွဲဟာ ဒုတိယလထဲကို ရောက်လာပြီး မေလ ၂၁ ရက်နေ့က မြို့တော်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဗိုလ်ချုပ်ကြီး ဟက်ဖ်တာရဲ့ လစ်ဗျားအမျိုးသားတပ် (LNA) ဟာ ဧပြီလ အစောပိုင်းက ထရီပိုလီကို ထိုးစစ်ဆင်ခဲ့ပြီး ဝန်ကြီးချုပ် ဖေးယက် ဆယ် ဆာရက်ဂ်ျ အစိုးရအပေါ် သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေကြောင့် ထိုးစစ်ကြန့်ကြာခဲ့တာပါ။ မေလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂ တာဝန်ရှိသူတဦးက “လစ်ဗျားဟာ နိုင်ငံနှစ်ခြမ်း ကွဲသွားနိုင်တဲ့ ပြည်တွင်းစစ် ဖြစ်လုနီးပါး အခြေအနေကို ရောက်နေတယ်” လို့ လုံခြုံရေးကောင်စီကို သတိပေးလိုက်ပြီး လစ်ဗျားပဋိပက္ခကို လက်နက်တွေ ထောက်ပံ့အားပေးနေတဲ့ နိုင်ငံတွေကို တားဆီးဖို့ ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ ထရီပိုလီအပေါ် ဆင်နွှဲနေတဲ့ တိုက်ပွဲကြောင့် လူအယောက်  ၅၁၀ ထက်မနည်း သေဆုံးပြီး ဒေသခံ ၇၅,၀၀၀ နေရပ်စွန့်ခွာခဲ့ရပါတယ်။ ဒါ့အပြင် ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းသူတွေဟာလည်း အကျဉ်းစခန်းတွေနဲ့ ပြားပြားဝပ်နေတဲ့ ဆင်ခြေဖုံးတွေမှာ ပိတ်မိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013