Home
မြန်မာသတင်း
မရာမာကြီးအမျိုးသားနေ့ စစ်တွေတွင် ကျင်းပ
DVB
·
May 18, 2019
mym
ဒီကနေ့ကျရောက်တဲ့ (၄) ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်မှာရှိတဲ့ မရမာကြီးဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး တိုင်းရင်းသားတန်းတူအခွင့်အရေး ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။ မရမာကြီးတိုင်းရင်းသားလူမျိုးစု ခေါင်းဆောင် ဦးမောင်နုက ဒီနှစ်မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု မရှိတာကြောင့် ခမ်းခမ်းနားနား မကျင်းပဖြစ်ဘူးလို့ ပြောပါတယ်။ မရမာကြီးတိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးထဲက မျိုးနွယ်စုတခုဖြစ်သလို ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတန်းတူညီမျှမှု အခွင့်အရေးရဖို့ တောင်းဆိုတယ်လို့ ဦးမောင်နုက ပြောပါတယ်။ "ကျနော်တို့တောင်းဆိုချင်တာကတော့ ရခိုင်ပြည်နယ်မှာဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ ဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးနည်းတူ အေးတူပူမျှ အေးချမ်းစွာနေထိုင်ရရင် ကျေနပ်ပါပြီ" လို့  ပြောပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီအခြေနေကို မရသေးဘူးလို့ မရမာကြီးလူမျိုးခေါင်းဆောင်တွေက ပြောပါတယ်။ တိုင်းရင်းသားညီအကိုမောင်နှအချင်းချင်း စည်းလုံးညီညွန်မှုရှိဖို့၊ အမျိုးသားရေးကို မပျောက်ပျက်အောင် ထိန်းသိန်းစောင်ရှောက်နိုင်ဖို့၊ လူငယ်လူရွယ်တွေ အချင်းချင်းစည်းလုံးညီညွတ်မှုရှိနဲ့ တိမ်ကောပျောက်ကွယ်နေတဲ့ စာပေနဲ့ ယဉ်ကျေးမှုပြန်လည်ဖော်ထုတ်နိုင်အောင်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီအခမ်းအနားကို ကျင်းပတာလို့ ဆိုပါတယ်။ ဒီကနေ့ကျင်းပတဲ့ မရမာကြီးအမျိုးသားနေ့ကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေအပါအဝင် မရမာကြီးတိုင်းရင်းအဖွဲ့တွေအပါအဝင် ရခိုင်လူမှုအဖွဲ့ဝင်တွေနဲ့ ရခိုင်မျိုးနွယ်စုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013