Home
သတင်းဓာတ်ပုံ
ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲ မြိတ်မြို့တွင် ပြုလုပ် (ဓာတ်ပုံ)
DVB
·
May 10, 2019
Myeik10
Myeik09
Myeik08
Myeik07
Myeik06
Myeik05
Myeik04
Myeik03
Myeik02
Myeik01
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို တနင်္သာရီတိုင်း မြိတ်မြို့မှာ မေလ ၉ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ လူထုထောက်ခံပွဲကို မြိတ်မြို့ ကမ်းနားလမ်း ကြက်လျှာစွန်းစုရပ်ကနေ မြိတ်မြို့ ကမ်းနားလမ်းမှာရှိတဲ့ သဲကွင်းထိ ချီတက်ခဲ့ကြပြီး စာရေးဆရာ ဆရာထင်လင်းဦးနဲ့ ဆရာမာန် (တောင်လုံးပြန်) တို့က ဟောပြောခဲ့ကြပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းက မြိတ်မြို့မှာ ဦးဝီရသူ ဟောပြောချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဂုဏ်သိက္ခာ ထိပါးခဲ့တဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လူထုက ဆန္ဒရှိနေတာကြောင့် အခုလို ပြုလုပ်ရတာ ဖြစ်တယ်လို့ ဆရာမာန်က ပြောပါတယ်။ အဲဒီပွဲမှာ ၂၀၀၈ ပြင်ဆင်ရေးအတွက် လူထုလက်မှတ်တွေလည်း ကောက်ခံခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို မြိတ်ခရိုင်ဒေသ အသီးသီးက ဒေသခံပြည်သူ အင်အား ၃၀၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်ကျော်  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013