Home
မြန်မာသတင်း
မော်လမြိုင်-သံဖြူဇရပ် အဝေးပြေးလမ်း ပြုပြင်ပေးရန် လွှတ်တော်တွင် အဆိုတင်
DVB
·
May 4, 2019
road
ဝေဖန်မှုတွေ ရှိနေတဲ့ မော်လမြိုင်- သံဖြူဇရပ် BOT အဝေးပြေးလမ်းမကြီးကို အချိန်မီ ပြုပြင်ပေးဖို့ မေလ ၃ ရက်က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအဆိုကို သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်းခဲ့တာပါ။ အဆိုရှင်က ဒီလမ်းပိုင်းရဲ့ အနိမ့်အမြင့် မတူတာကြောင့် ခရီးသွား ပြည်သူတွေအနေနဲ့ အဆင်မပြေတာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒီအဝေးပြေးလမ်းမကြီးကို BOT စနစ်နဲ့ AK ကုမ္ပဏီနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သဘောတူစာချုပ် ချုပ်ဆိုပြီး လုပ်ကိုင်နေတာပါ။ ဒီလမ်းပိုင်းနဲ့ပတ်သက်ပြီး ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြည်သူတွေအကြားမှာ သေမင်းတမန်လမ်းဟု ဝေဖန်နေတယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးကတော့ လမ်းပြုပြင်ရေးအတွက် ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ဒီဗွီဘီကို ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013