Home
မြန်မာသတင်း
မော်လမြိုင် လွတ်လပ်ရေးနေ့တွင် ပန်းအိုးများရိုက်ခွဲ၍ အမှိုက်များ ဖွထား
DVB
·
January 5, 2019
mlm
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ ကျရောက်တဲ့ ၇၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက်နဲ့ ရပ်ကွက်တချို့က လမ်းတွေပေါ်မှာ အမှိုက်သရိုက်တွေ ဖွထားတာ၊ ပန်းအိုးတွေ ရိုက်ခွဲထားတာတွေ ရှိခဲ့တယ်လို့  မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ဈေးဆိုင်တွေရဲ့ ဆိုင်နာမည်ဆိုင်းပုဒ်တွေကို နေရာပြောင်းရွှေ့ပြီး ဖွထားတာတွေကြောင်လည်း ယာဉ်အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေ ရောက်ရှိခဲ့တဲ့အတွက် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နဲ့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုးလင်းတဲ့အချိန်ထိ ရှင်းလင်းခဲ့ရတာပါ။ လွတ်လပ်ရေးနေ့ကို တန်ဆောင်မုန်းလဆုတ် (၁) ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ ငတက်ပြားည (သူခိုးကြီးည) သဖွယ် အပျော်သဘောမျိုးနဲ့ စနောက်တာမျိုး မဟုတ်ဘဲ ပစ္စည်းတွေကို ဖျက်ဆီးပြီး လမ်းမတွေပေါ်မှာ ဖွထားတာကြောင့် ယာဉ်အန္တရာယ်ဖြစ်နိုင်တဲ့အတွက် ရှင်းလင်းပေးဖို့ ပြည်သူတချို့က လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီ ဆက်သွယ် အကြောင်းကြားခဲ့ရတယ်လို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချိုဦးက ပြောပါတယ်။ စည်ပင်အမှိုက်ကားတွေ၊ မော်လမြိုင် လူမူကယ်ဆယ်ရေးအဖွဲ့ ယာဉ် ၄ စီးနဲ့ ဒိုက်ဝန်ကွင်း ရပ်ကွက်၊ လှိုင်ရပ်ကွက် အပါအ၀င် ရပ်ကွက်အများစုနဲ့ မော်လမြိုင်ကမ်းနားလမ်းတလျှောက် မနက် ၄ နာရီခွဲအထိ ရှင်းလင်းခဲ့ရတာပါ။ ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့တွေမှာ အခုလိုမြို့အတွက် အရုပ်ဆိုး အကျည်းတန်စေတဲ့ အပြုအမှုမျိုးကို နောက်ထပ် ထပ်မံမဖြစ်စေတဲ့အတွက် လိုအပ်ပါက တာဝန်ရှိသူတွေအရေးယူ၊ တားမြစ်မှုတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့လည်း ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။ အာကာမင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013