Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ် တောင်ကုန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများ စိုးရိမ် (ရုပ်သံ)
DVB
·
April 27, 2019
bomb
ရသေ့တောင်မြို့နယ်အနီးရှိ တောင်ကုန်းတွေကို ဧပြီ ၂၇ ရက် မနက် ၄ နာရီကျော်လောက်ကစပြီး တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်​ခတ်​ပြီး နယ်​​မြေရှင်းလင်းရေး ပြုလုပ်နေတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “၂၇ ရက်​​နေ့ မနက်​ ၄ နာရီ ​​ကျော်​ အချိန်​ပါ။ တပ်​မ​တော်​က ဘူးသီး​တောင်​မြို့ ၂၃၄ တပ်​ရင်း (​အောင်​မင်္ဂလာ​စေတီ အနီး) မှ ဘူသီး​တောင်​မြို့ကို ​ကျော်​ပြီး ရ​သေ့​တောင်​မြို့နယ်​ "ငစံ​ဘော်​​ချောင်း" အနီးရှိ ​တောင်​ကုန်းများအား ​Rocket တွေနဲ့ ပစ်​တယ်​​။ ဘူးသီး​တောင်​ တမြို့လုံး ထိတ်လန့်​​ကြောက်​ရွံ့​နေကြရပါတယ်​။ ဆက်​ပစ်​မယ်လို့​ ကြားပါတယ်​” လို့​ ဒေသခံတဦးက ပြောပါတယ်။ အ​နောက်​ပိုင်းတိုင်​စစ်​ဌာနချုပ်​မှ ဗိုလ်​မှူးကြီး ၀င်း​ဇော်​ဦးက​တော “နယ်​​မြေရှင်းလင်း ​နေတယ်​။ ​အေ​အေ ရှိတယ်​ဆိုရင် တိုက်​ပွဲဖြစ်​မှာပါပဲ။ နယ်​​မြေရှင်းလင်းတဲ့အခါမှာ လက်​နက်​ကြီး ပစ်​ကူ​ပေးဖို့လိုတယ်​ဆိုရင်​ လက်​နက်​ကြီးပစ်​ကူ​ပေးရတယ်။ လက်​နက်​ကြီးပစ်​ကူ​ပေးတာလည်း ​တောထဲကိုသာ ပစ်တာရှိတယ်။ ရွာနဲ့ အနီးဝန်းကျင်​တွေကို မပစ်​ပါဘူး” လို့​ ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ မြို့နယ်လောက်မှာ စစ်ဘေးရှောင် ပြည်သူ ၃ သောင်းကျော်ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024