Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နှင့် WhatsApp လူမှုကွန်ရက်များ အချိန်အတော်ကြာ လိုင်းပြတ်
DVB
·
April 15, 2019
fb
ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ WhatsApp စတဲ့ လူမှုကွန်ယက် မီဒီယာ စာမျက်နှာသုံးခုဟာ မနေ့က အချိန်အတော်ကြာ လိုင်းပြတ်နေခဲ့တယ်လို့ downdetector.com စောင့်ကြည့်ရေးဝက်ဆိုက်က ဖော်ပြပါတယ်။ တနင်္ဂနွေနေ့က ဖေ့စ်ဘွတ်ခ် သုံးမရတဲ့အကြောင်း အစီရင်ခံလာသူ အယောက် ၁၂၀၀၀ကျော် လောက်ရှိပေမယ့်  နောက်ပိုင်းမှာတော့ ၂၀၀၀ အထိ ပြန်လည်လျော့ကျသွားခဲ့ပါတယ်။ ဒါ့အပြင် Whats App သုံးစွဲသူ ၃၀၀၀ ကျော်နဲ့ အင်စတာဂရမ် သုံးစွဲသူ ၇၀၀၀ ကျော်လည်း လိုင်းပြတ်သွားခဲ့ပါတယ်။ မတ်လကလည်း တကမ္ဘာလုံးက လူမှုကွန်ယက် မီဒီယာသုံးစွဲ သူတွေ ၂၄ နာရီကြာအောင် ဖေ့စ်ဘွတ်ခ်၊၊ အင်စတာဂရမ်နဲ့ WhatsApp သုံးမရဘဲ လိုင်းပြတ်ခဲ့ပါတယ်။ downdetector.com ၀က်ဆိုက်က ဖော်ပြချက်အရ မနေ့က  ဥရောပနဲ့ အာရှမှာ အများဆုံး လိုင်းပြတ်တောက်ခဲ့ပြီး အဲဒီဖြစ်ရပ်ဟာ ဖေ့စ်ဘွတ်ခ် အနေနဲ့ အချိန်အကြာဆုံး လိုင်းပြတ်တောက်မှုတခုဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖေ့စ်ဘွတ်ခ် မ္ပဏီက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တစုံတရာ မတုံ့ပြန်ခဲ့ပါဘူး။ ဓာတ်ပုံ-CNET- Getty Images

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013