Home
Lead Story
ဖေ့စ်ဘွတ်ခ်ပေါ်ကြည့်ရှုသူ ၁၀ သန်းကျော်ရှိနေသည့် မိခင်ခွေးမကြီးရဲ့ ချစ်ခြင်းမေတ္တာ ပြယုဂ်(ရုပ်သံ)
DVB
·
March 3, 2019
dog
ချစ်ခြင်းမေတ္တာတရားဟာ လူသားတွေကြားမှာတင်မဟုတ်ပဲ တိရစ္ဆာန်တွေရဲ့ ကမ္ဘာမှာ လည်း ရှိနေတယ်ဆိုတာ ဒီရုပ်သံဗွီဒီယိုဖိုင်က ပြောပြနေပါတယ်။ မိခင်နဲ့ သားသမီးကြား၊ သူငယ်ချင်းမိတ်ဆွေကြား၊ အားနည်းသူနဲ့ အားကြီးသူ ကြား ဖေးမကူညီမှုနဲ့ ရှိနေတဲ့ ကမ္ဘာဟာ ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝနေမှာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြောင်းနက်ထဲက ရုန်းမတက်နိုင်တဲ့ ရင်သွေးခွေးက လေးတကောင်ကို မိခင်ခွေးမကြီးက ဘယ်လိုဖေးကူပြီး ကုန်းပေါ်ရောက်အောင် ဆွဲမ, တင်ခဲ့သလဲဆိုတာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ မြောင်းထဲမှာတော့ ရေရှိမနေခဲ့ဘဲ ရင်သွေးခွေးကလေးဟာ လည်ပတ်ကြိုး တန်းလန်းနဲ့ ဘေးပေါင်ပေါ်ကို မတက်နိုင်ခဲ့ဘဲ ရှိနေခဲ့တာပါ။ မိခင်ဖြစ်သူက ဘေးပေါင်ပေါ်က ခေါ်နေသယောက်ရှိနေခဲ့ကာ ရင်သွေးခွေးကလေးက မျှော်ကြည့်သယောင်ယောင်ရှိနေခဲ့တာဟာ တကယ့်ကို ကရုဏာသက်စရာ ကောင်းနေခဲ့ပါတယ်။ အဲဒီနောက်တော့ မိခင်ခွေးမကြီးက မြောင်းထဲကို ခုန်ဆင်းခဲ့ပြီး ခွေးကလေးရဲ့ လည်ပတ်က ကြိုးကို ကိုက်ချီကာ ဘေးပေါင်ပေါ် ပြန်ခုန်တက်လိုက်ပြီး ကြိုးစားဆွဲတင် နိုင်ခဲ့တာဟာ တကယ့်ကို ချီးကျူးစရာပါပဲ။ အဲဒီနောက်မှာတော့ သူတို့သားအမိဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြေးလွှားထွက်ခွာသွားခဲ့ကြ တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက Au Phil. du temps အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013