Home
မြန်မာသတင်း
တနင်္သာရီသဘာဝ ကြိုးဝိုင်းအတွင်း အင်ဒိုချိုင်းနား ကျားတွေ့ရှိ
DVB
·
March 22, 2019
tiger1
တနင်္သာရီသဘာဝ ကြိုးဝိုင်းအတွင်းမှာ အင်ဒိုချိုင်းနားကျားမျိုးစိတ်တွေ တွေ့ရှိထားတယ်လို့ သစ်တောဌာနက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၈ခုနှစ် နိုဝင်ဘာလကစပြီး တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းမှာ ကင်မရာထောင် ချောက် အလုံး ၆၀ တပ်ဆင်ခဲ့ရာကနေ ကျားတွေလှုပ်ရှားသွားလာတဲ့ ဓာတ်ပုံတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ထိန်းသိမ်းရေးကင်းစခန်း တခုဖြစ်တဲ့ ကလုန်းထာစခန်းခွဲဧရိယာအတွင်း တပ်ဆင်ထားတဲ့ ကင်မရာထောင်ချောက်ကနေ ကျားမှတ်တမ်းဓာတ်ပုံ ၂ပုံ၊ ဟိန္ဇဲစခန်းခွဲဧရိယာအတွင်း တပ်ဆင်ထားတဲ့ ကင်မရာထောင်ချောက်ကနေ  ကျားမှတ်တမ်းဓါတ်ပုံ ၅ ပုံရရှိခဲ့တာ ဖြစ်ပါတယ်။ တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းမှာ ကျားရှိတယ်လို့ သိရှိပေမယ့် အထောက်အထား ခိုင်လုံစွာရရှိခြင်းမရှိဘဲ အခုမှ ကျားကို ပထမဆုံးအကြိမ် မှတ်တမ်းတင် ရရှိတာဖြစ်ပါတယ်။ အခုနှစ် မတ်လအတွင်းမှာ တနင်္သာရီကြိုးဝိုင်းအတွင်း ကျားကျက်စားသွားလာနိုင်တဲ့ နယ်မြေတွေမှာ ကင်မရာထောင်ချောက် ၁၈လုံး ထပ်မံ တပ်ဆင်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျားမျိုးစိတ် (၂) မျိုးကျက်စားနေထိုင်ပြီး တနင်္သာရီသဘာဝ ကြိုးဝိုင်းအတွင်း တွေ့ရှိရတဲ့ ကျားမျိုးစိတ်ဟာ Indochinese Tiger (Panthera tigris corbetti)ဖြစ်တယ်လို့ သစ်တောသတင်းမှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013