ချောက်မြို့ ဇီးတောဆိပ်တွင် ဆီပေပါတင် စက်လှေ မီးလောင် (ရုပ်သံ)
DVB
·
January 26, 2019
မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ် ၁ ရပ်ကွက် ရေအိုးဇဉ်ရပ် ဇီးတောဆိပ်မှာ ဆီပေပါတွေ တင်ဆောင်လာတဲ့ သံခွန် စက်လှေတစ်စီး ဇန်နဝါရီ ၂၅ ရက် ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
စက်လှေပေါ်မှာ ဓာတ်ဆီ ပေပါ ၁၉ လုံး၊ ဒီဇယ်ပေပါ အလုံး ၂၀ နဲ့ ပေပါအလွတ် အလုံး ၄၀ ပါလာပြီး ဒီဇယ်တွေကို ပန့်နဲ့ မောင်းတင်ပြီး ထည့်နေချိန်မှာ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ခဲ့တာလို့ ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးစိုးညွှန့်က ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင် ဓာတ်ဆီ ပေပါ ၉ လုံး ပွင့်ထွက်ဆုံးရှုံးခဲ့ပြီး Foam အမြုပ်မီးသတ်ဆေး အသုံးပြု ငြိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဆီတန်ဖိုး ၁၁ သိန်းကျော် ဆုံးရှုံးခဲ့ပြီး စက်လှေမောင်းသူကို ချောက်မြို့မရဲစခန်းမှာ ဥပဒေနနဲ့အညီ စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။