ချောက်မြို့နယ်ရှိ ကျေးရွာ ၂၆ ရွာတွင် သောက်သုံးရေ အခက်အခဲကြုံတွေ့
DVB
·
May 30, 2019
ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၆ ရွာမှာ သောက်သုံးရေးအခက်အခဲ ဖြစ်နေတာကြောင့် အသင်း ရေသယ်ယာဉ် ကူညီပံ့ပိုးမှုနဲ့ အလှူရှင်တွေက ကျေးရွာတွေ ရေသွားရောက်လှူဒါန်းနေရတယ်လို့ ချောက်မြို့ မနောဖြူ အသင်းဥက္ကဋ္ဌက ပြောပါတယ်။
ချောက်မြို့နယ်မှာ ပြီးခဲ့တဲ့ဧပြီလက ကျေးရွာ ၁၄ ရွာ သောက်သုံးရေအခက်အခဲ ဖြစ်ခဲ့သောကြောင့် ရေဂါလန် ၃၀၀၀ ဆန့် ရေသယ်ယာဉ်နှစ်စီးနဲ့ ၂၆ ခေါက် သွားရောက် လှူဒါန်းခဲ့ရတယ်လို့ ဆိုပါတယ်။
အခုမေလထဲမှာတော့ ကျေးရွာ ၂၆ ရွာအထိ သောက်သုံးရေ အခက်အခဲဖြစ်လာတာကြောင့် ပြီးခဲ့တဲ့လထက် ကျေးရွာ ၁၂ ရွာ ပိုတိုးလာပြီး မေ ၂၉ ရက်အထိ ရေသယ်ယာဉ် ၆၉ ခေါက် လှူဒါန်းနေရတယ်လို့ မနောဖြူအသင်းက ပြောပါတယ်။
သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာတွေကို ရေသွားရောက်လှူဒါန်းလိုတဲ့ အလှူရှင်တွေက ကျေးရွာအနီးအဝေးပေါ် မူတည်ပြီး ကားစက်သုံးဆီဖိုး လှူဒါန်းကြတာပါ။
သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာ ၂၆ ရွာထဲက ကျေးရွာ ၄ ရွာမှာ စက်ရေးတွင်း ချို့ယွင်းပျက်စီးနေတာကာ ကျေးရွာ ၂၂ မှာ သောက်ရေကန်ခန်းခြောက်နေပြီး စက်ရေတွင်း တွေရှိပေမယ့် ရေငန်ရေခါးတွင်းတွေ ဖြစ်နေလို့ သောက်သုံးရေ အခက်အခဲဖြစ်နေတာလို့ သိရပါတယ်။
သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာတွေကို ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ အသီးသီးက အလှည့်ကျ သောက်သုံးရေ သွားရောက်လှူဒါန်းနေတာပါ။
ကိုလင်း(ချောက်)