Home
မြန်မာသတင်း
မုံရွာမြို့ မြို့သစ်ရပ်ကွက်တွင် နေအိမ်နှင့်အဆောက်ဦးအချို့ မီးလောင်
DVB
·
January 5, 2019
fire
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်းဘေးမှာ ဇန်နဝါရီလ ၄ ရက်နေ့ ည ၉ နာရီခွဲကျော်အချိန်လောက်က နေအိမ်၊ အထည်ဆိုင် အဆောက်အဦတွေ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တာကို အချိန် နာရီဝက်ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုကြောင့် ဆင်ဖြူတော် ပိုလာဖီး လူနေ အထည်ဆိုင် ၁ လုံး၊ ဂိုဒေါင် ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းတော့ မသိရသေးပါဘူး။ အခု မီးလောင်မှုက မုံရွာမြို့မှာ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ် လောင်ကျွမ်းတာလည်း ဖြစ်ပါတယ်။ မီးလောင်တာကိုတော့ သက်ဆိုင်ရာက အသေးစိတ်စစ်ဆေးနေဆဲဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013