Homeမြန်မာသတင်း
မကွေးတိုင်းတွင် ၂ နှစ်ခွဲအတွင်း ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ ရန်ပုံငွေ ၈ ဘီလီယံကျော်ရရှိ
မကွေးတိုင်းတွင် ၂ နှစ်ခွဲအတွင်း ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ ရန်ပုံငွေ ၈ ဘီလီယံကျော်ရရှိ
DVB
·
December 28, 2018
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်းတိမ်လမ်ငန်းကနေ အစိုးရသစ်သက်တမ်း ၂ နှစ်ခွဲအတွင်း တိုင်းဒေသကြီးရန်ပုံငွေ ၈ ဘီလီယံကျော် ကောက်ခံရှိခဲ့တယ်လို့ သိရပါတယ်။
“၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်နေ့ကနေ ဒီနှစ်ထဲထိရတဲ့ ငွေစုစုပေါင်းက ကျပ်ငွေသန်းပေါင်း ၈၀၀၀ ကျော်ပြီ။ ယခင်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ ၅ နှစ်အတွင်း စုံးစမ်းစစ်ဆေးလို့ ရခဲ့တဲ ငွေစုစုပေါင်းက ကျပ်ငွေသန်းပေါင်း ၇၀၀၀ ကျော်တယ်။ လုပ်ငန်းအသုံးစရိတ်တွေ ပြတာရှိနေပြီး ငွေသားပြန်ရတာက ကျပ်ငွေသန်းပေါင်း ၃၂၇၉ သန်းပဲရှိတယ်။ ယခင်အစိုးရလုပ်ခဲ့တဲ့ ငွေပမာဏကို အခုအစိုးရလက်ထက်မှာ ၂ နှစ်ခွဲနဲ့ကျော်သွားပြီ" လို့ ဒီဗွီဘီကိုပြောပါတယ်။
မကွေးတိုင်းအတွင်း ချက်ဖိုမရှိလို့ ချက်ဖိုရှိတဲ့ မုံရွာကို သွားချက်တဲ့အတွက် တိုင်းအစိုးရက သယ်ယူခွင့်မျှောစာထုတ်ပေးပြီး အရင်က ၁ ပေပါကို ၃၀၀၀ ကျပ်ကောက်ခံရာမှ အခုနှစ်အတွင်း ၅၀၀၀ ကျပ်ထိ ကောက်ခံတယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
မင်းလှမြို့ ရွှေတောင်တန်း ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်မြမြမင်းကတော့ လက်ရှိ ၂၀၁၉ သက်တမ်းတိုးမှာ မြေငှါးခ ၁ နှစ်ကို ၃၀၀၀ ကျပ်ကောက်ခံခဲ့ရာမှ ၃ သိန်းကျပ်ထိ တိုးမြှင့်ကောက်ခံလိုက်တဲ့အတွက် လုပ်ငန်းရှင်တွေ အခက်ခဲဖြစ်နေတယ်လို့ ပြောပါတယ်။
“အစိုးရရဲ့မူအတိုင်း လူတဦးကို ၅ ဧကနှုန်းနဲ့ လျှောက်ထားပေမယ့် ပြန်မကျပါဘူး။ လုပ်ကွက်တကွက်တင်တဲ့ ကုန်ကျစရိတ်က ၁၅ သိန်းကျပ်နဲ့ သိန်း ၂၀ ကျပ်ထိ ကုန်ကျတယ်။ ပြည်သူတွေရဲ့အသံကို နားထောင်ပြီး နွေးနွေးထွေထွေး ဆွေးနွေးပြီး အခက်ခဲတွေကိုလည်း အားကိုးပါတယ်။ အခက်ခဲတွေကို သေချာစိစစ်ပြီး လုပ်ငန်းရှင်တွေလည်း လျှောက်သာအောင်၊ အစိုးရမှာလည်း အခွန်ရအောင် ဆောင်ရွက်ပေးစေချင်တယ်။"
မကွေးတိုင်းဒေသကြီးအတွင်း ရေနံလက်ယက်တွင်းတိမ်လုပ်ကွက်ပေါင်း ၃၁ ကွက်ရှိကာ အထက်မင်းလှ၊ သရက်၊ မြိုင်၊ ပေါက် မြို့နယ်တွေမှာ အများဆုံးထွက်ရှိပြီး မုံရွာ၊ ကြံခင်း၊ အင်္ဂပူ၊ မန္တလေး၊ တံတားဦး၊ မြင်းခြံ ရှိ ရေနံချက်ဖိုတွေကို သွားရောက်ရောင်းချကြတာပါ။
သတင်း-မင်းထီး