Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်နိုင်
DVB
·
December 12, 2018
weather
ဒီနေ့မနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ နေပြည်တော်နဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေက လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပြီး မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၃ ပေမှ ၇ ပေလောက် ရှိနိုင်ပါတယ်။ လာမယ့် ၂ ရက်အတွင်းမှာလည်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ အနီးတဝိုက်တွေမှာ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013