Homeမြန်မာသတင်း
မြောက်ဦးတွင် ဆီအရောင်းဆိုင် မီးလောင်၊ ဆိုင်ခန် ၉ ခန်းနှင့် ဆီပေပါများ ပျက်စီးဆုံးရှုံး
မြောက်ဦးတွင် ဆီအရောင်းဆိုင် မီးလောင်၊ ဆိုင်ခန် ၉ ခန်းနှင့် ဆီပေပါများ ပျက်စီးဆုံးရှုံး
DVB
·
December 9, 2018
ရခိုင်ပြည်နယ် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်၊ ဆီအရောင်းဆိုင်မှာ မနေ့ညနေ ၅ နာရီကျော်လောက်က မီးလောင်ကျွမ်းမှုကြောင့် ဆီဆိုင်ခန်း ၉ ခန်းနဲ့ ဆီပေပါ အလုံး ၉၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဆီပေပါထဲ ဆီထည့်စဉ် ဆီဂေါက်ပြုတ်ကျလို့ မီးပွားစင်ရာမှ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးလောင်ကျွမ်းမှုကို မြောက်ဦးခရိုင်မီးသတ်နဲ့ မြောင်းဘွေနယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင် အယောက် ၉၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့လို့ ည ၇း၄၅ မိနစ် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုး၊ သွပ်ကာ၊ မြေစိုက် (၈×၈×၁၃) ပေ ဆီဆိုင်ခန်း ၉ ခန်း၊ ဒီဇယ် ပေပါ ၆၀၊ ဓာတ်ဆီ ၅ ပေပါ၊ အောက်တိန်း ပေပါ ၂၀၊ ပရီမီယံ ၅ ပေပါ စုစုပေါင်းဆီပေပါ အလုံး ၉၀ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူနဲ့တိရစ္ဆာန် ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။