အီးယူက ကုန်သွယ်ရေးအထူးအခွင့်အရေး ပြန်ရုပ်သိမ်းရင် ဘာတွေဖြစ်လာနိုင်လဲ - အယ်ဒီတာစကားဝိုင်း
DVB
·
November 14, 2018
အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါတယ်။
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ မြန်မာနိုင်ငံ ရခိုင်ဒေသ၊ ရှမ်းနဲ့ ကချင်ဒေသတချို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေး (GSP) ကို ပြန်ရုပ်သိမ်းဖို့ စိစစ်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ အဓိက ထိခိုက်နိုင်တာကတော့ အထည်ချုပ်လုပ်ငန်းတွေ ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာတွေဖြစ်လာနိုင်တယ်၊ ဘယ်သူတွေအပေါ် သက်ရောက်နိုင်တယ်ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နဲ့ နိုင်ငံရေးသုတေသီ ဦးတင်မောင်သန်းတို့ ဖြစ်ပါတယ်။