Homeမြန်မာသတင်း
သောက်သုံးရေ လုံလောက်စွာရရေး ဦးစားပေးလုပ်မည် - ဆိပ်ကမ်းအနိုင်ရ ကြံ့ခိုင်ရေးကိုယ်စားလှယ်
သောက်သုံးရေ လုံလောက်စွာရရေး ဦးစားပေးလုပ်မည် - ဆိပ်ကမ်းအနိုင်ရ ကြံ့ခိုင်ရေးကိုယ်စားလှယ်
အာကာ
·
November 4, 2018
ဆိပ်ကမ်း ၂ မဲဆန္ဒနယ်မှာ သောက်သုံးရေ လုံလုံလောက်လောက် ရရှိရေးကို ပထမဦးစားပေးလုပ်သွားမယ်လို့ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးနေမျိုးအောင်က ပြောပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲမှာတော့ USDP ကိုယ်စားလှယ်က ဆန္ဒမဲအားလုံးရဲ့ ထက်ဝက်ကျော်ရရှိပြီး အနိုင်ရခဲ့ပါတယ်။
ဆိပ်ကမ်း ၂ မဲဆန္ဒနယ်ဟာ ရပ်ကွက် ၂ ခု ရှိပြီး သောက်သုံးရေ လုံလုံလောက်လောက် ရရှိရေးကို အဓိက ဦးစားပေးလုပ်ပေးသွားမယ်လို့ အနိုင်ရတဲ့ ကိုယ်စားလှယ်က ပြောပါတယ်။
ဦးနေမျိုးအောင်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရခဲ့တာပါ။
ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ ဆိပ်ကမ်း၂ မဲဆန္ဒနယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၄၃၄ ဦးရှိပါတယ်။
ဆိပ်ကမ်း ၂ မဲဆန္ဒနယ်က ရဲရိပ်သာရပ်ကွက်မဲရုံမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၇၄၆ ဦး၊ မိသားစုရပ်ကွက် မဲရုံမှာ ၆၈၈ ဦး ရှိပြီး ၂ ရုံပေါင်း မဲဆန္ဒရှင် ၉၀၀ ကျော် မဲပေးခဲ့ပါတယ်။
ဆိပ်ကမ်း ၂ မဲဆန္ဒနယ်မှာ ပါတီ ၈ ပါတီက ကိုယ်စားလှယ်လောင်း ၈ ဦး၊ တဦးပုဂ္ဂလ ကိုယ်စားလောင်း ၁ ဦး စုစုပေါင်း ၉ ဦးဝင်ပြိုင်ပြီး ဒီထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၂ ဦး ပါဝင်ပါတယ်။
ဒီမဲဆန္ဒနယ်ဟာ မြန်မာတနိုင်ငံလုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မဲဆန္ဒနယ် ၁၃ နေရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အနည်းဆုံးနဲ့ ကိုယ်စားလှယ်လောင်း အများဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်ပါ။
မြန်မာတနိုင်ငံလုံးမှာ ပြုလုပ်ခဲ့တဲ့ မဲဆန္ဒနယ် ၁၃ နေရာမှာ ပါတီ ၂၄ နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်း ၇ ဦးပါဝင်ပါတယ်။