ရှီအိုက်မီးနင်းပွဲတော် ပြည်မြို့တွင်ကျင်းပ (ဓာတ်ပုံ)
မင်းညို
·
October 30, 2018
ရှီအိုက် မွတ်ဆလင်ဘာသာဝင်တွေရဲ့ ကျဲဟ်လွမ် လှည့်လည်ပွဲနဲ့ မီးနင်းပွဲကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ မနေ့ညက ကျင်းပပါတယ်။
ရှီအိုက်မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တွေ အမှန်တရားအတွက် အသက်စတေးသွားခဲ့တဲ့နေ့ကို ရည်ရွယ်ပြီး ရင်ထုပွဲနဲ့ မီးနင်းပွဲကို ကျင်းပတာလို့ ကျောင်းကြီးဗလီရှေ့ဆောင်ဆရာ မျိုးမင်းဦးက ပြောပါတယ်။
ဘာသာဝင်တွေဟာ မနေ့ည ၉ နာရီမှာ ဗလီတွေကနေ စတင်ပြီး ပြည်မြို့ထဲ လှည့်လည်ကာ လမ်းတလျှောက် သံကြိုးတွေ၊ ဘလိတ်ဓားတွေနဲ့ ကိုယ်ခန္ဓာတွေကို ထိုးနှက်ခဲ့ကြပါတယ်။ ဒီနောက် ဗလီကိုပြန်လာကာ ညလုံးပေါက် ကျမ်းစာတွေ ရွတ်ဖတ်ခဲ့ကြပြီး မီးနင်းခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - မင်းညို