အောင်လံမြို့တွင် အင်အား ၄.၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်
DVB
·
October 27, 2018
မကွေးတိုင်းဒေသကြီး အောင်လံမြို့နားမှာ ဒီနေ့ ညနေ ၃ နာရီကျော်အချိန်က ငလျင်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာပါတယ်။
မြန်မာစံတော်ချိန် ၃ နာရီ ၄၆ မိနစ်မှာ အောင်လံမြို့ရဲ့ အရှေ့ဘက် မိုင် ၃၀ လောက်အကွာ၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၃၅၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၆၉၊ ဗဟိုချက်အနက် ၂၈ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး ရစ်တာစကေး ၄ ဒသမ ၅ အဆင့် အင်အား နည်းနည်းရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတာကို တိုင်းထွာရရှိခဲ့တယ်လို့ ဆိုပါတယ်။