Home
သတင်းဓာတ်ပုံ
နှီးပဒေါရွာ လမ်းဘေး အနီရောင်ကျောက်များ ပြန့်ကျဲ၊ ကောက်ယူသူများပြား (ဓာတ်ပုံ)
DVB
·
October 9, 2018
43597906_1655877791183725_1847432452402839552_n
43518771_1655877964517041_9172755361940111360_n
43421445_1655877851183719_2444852018045517824_n
1
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါရွာက လမ်းဘေးမှာ ဒီနေ့ နေ့လယ်ပိုင်းက အနီရောင်ကျောက်တွေ ပြန့်ကျဲနေလို့ လာကောက်သူတွေနဲ့ စည်ကားနေပါတယ်။ မော်လမြိုင်- ကျိုက္ခမီလမ်းဘေးမှာ ဖြစ်ပြီး ရွာက ဒေသခံတွေရော ခရီးသွားတွေပါ ကောက်ယူနေကြလို့ လမ်းတလျှောက်မှာ လူတွေ ပြည့်နေတာကို တွေ့ရပါတယ်။ ကောက်ရတဲ့ ကျောက်တွေဟာ အနီရောင်ဖြစ်ပြီး ဘာလဲဆိုတာကတော့ အတိအကျမသိရသေးပေမယ့် ဖြုန်းကျောက်တွေဖြစ်နိုင်တယ်လို့ တချို့က ဒေသခံ တယောက်က ပြောပါတယ်။ ဒီကျောက်တွေ ဘယ်ကဘယ်လို ရောက်လာတာလဲ ဆိုတာလည်း မသိရဘူးလို့ ဆိုပါတယ်။ “အခု မိုးချုပ်တော့ ဓာတ်မီးတွေနဲ့ ရှာနေကြတုန်းပဲ။ အရင်တုန်းက ဒီလို တွေ့တာ မရှိပါဘူး။ ရွာအနီးအနားလည်း ကျောက်လုပ်တာ မရှိဘူး” လို့ နှီးပဒေါ ဒေသခံ တယောက်က ပြောပါတယ်။ ဓာတ်ပုံ - တိုးတိုးဦး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024