Home
မြန်မာသတင်း
ရန်ကုန်မြို့တော်စည်ပင် သတ်မှတ်ဘတ်ဂျက်ထက် ပိုမိုတောင်းခံ
အာကာ
·
September 27, 2018
Yangon Hluttaw
ရန်ကုန်မြို့တော်စည်ပင်နဲ့ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက  လာမယ့်နှစ်အတွက် ဘတ်ဂျက်အသုံးစရိတ် တောင်းခံရာမှာ သတ်မှတ်နှုန်းထက် ပိုတောင်းတာနဲ့ ဆောင်ရွက်ပြီးစီးတဲ့ လုပ်ငန်းတွေအတွက်ပါ တောင်းခံထားတာတွေကို စိစစ်တွေ့ရတယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ စက်တင်ဘာ ၂၆ ရက်က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့တာပါ။ စိစစ်ချက်အရ စည်ပင်က လုပ်ငန်းတွေအတွက် ဘတ်ဂျက်ကို ဌာနက သတ်မှတ်စံနှုန်းထက် ပိုမိုတောင်းခံထားတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က တောင်းခံထားတဲ့ ဘတ်ဂျက်တွေမှာ တချို့လုပ်ငန်းတွေဟာ ဌာနက ဆောင်ရွက်ပြီးသားတွေ ဖြစ်တယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီတို့က အစီရင်ခံစာတွေ တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးတို့က အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024