ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ပိတ်မိနေသူ ၄ ဦးကို ကယ်ထုတ်ရေး အခက်အခဲဖြစ်နေ
DVB
·
September 9, 2018
မကွေးတိုင်း ဆောမြို့နယ်က ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်စဉ်က ပိတ်မိနေသူ လေးဦးကို ပြန်လည်ဆယ်ယူနိုင်ဖို့ အခက်ခဲဖြစ်နေပါတယ်။
ဆောမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးဇော်လင်းက "ကျောက်မီးသွေးတွင်းကနေ မီးလုံးကြီး ထွက်လာတယ်လို့ သိရတယ်။ ၊သဘာဝဓာတ်ငွေ့နဲ့ စပန့်စ တခုခုထိတွေပြီး ပေါက်ကွဲတာလို့ သုံးသပ်ရပြီး အသေးစိတ်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်။ သတ္တုတွင်း ဦးစီးဌာနကလည်း စစ်ဆေးမှုတွေ လုပ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်းဒေသကြီး သယံဇာတဝန်ကြီး ဦးမြင့်ဇော်က "နည်းပညာသုံးစွဲမှု အနေထား အားနည်းတာ တွေ့ရတယ်။ ထွက်လာတဲ GAS ကို ထုတ်နိုင်တဲ့ အကူလေပေါက်၊ ထွက်ပေါက် အလုပ်လုပ်မှု အားနည်းတယ်။ ပရိုစီဂျာ အသစ်အရ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးရန်ပုံငွေ ကောက်ခံထား တာရှိတယ်။ ဖြစ်သွားပြီဆိုတော့လည်း နိုင်ငံသူနိုင်ငံသားတွေဖြစ်တဲ့အတွက် ကျန်းမာရေးကအစ အစိုးရမှာ လုံးလုံး တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့က ထွန်းရာဇ ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီမှာ ပေါက်ကွဲမှုဖြစ်ပြီး လေးဦးသေဆုံး၊တစ်ဦးအပြင်းထန် ဒဏ်ရာရရှိကာ လေးဦး ပိတ်မိနေတာပါ။