ကျောက်မီးသွေးတွင်းပေါက်ကွဲမှု ပိတ်မိနေသူ ၅ ဦးအနက် ၁ ဦးအလောင်း ထပ်မံရရှိ
DVB
·
September 8, 2018
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်မြောင်းကျေးရွာအနီး ထွန်းရာဇ သတ္ထု တွင်းတူးဖော်ရေးကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် ပိတ်မိနေတဲ့ ၅ ဦးထဲက ၁ ဦးအလောင်းကို မနေ့က ထပ်မံရရှိခဲ့ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲခဲ့မှုကြောင့် ၃ ဦး သေဆုံးပြီး ၅ ဦးပိတ်မိနေတဲ့ထဲက ၁ ဦးအလောင်းကို ထပ်မံရရှိခဲ့တာပါ။
စက်တင်ဘာ ၇ ရက်နေ့ နေလယ်ပိုင်းက တရုတ်နိုင်ငံသား Li,Chang Wang ဦးစီးတဲ့ ကျွမ်းကျင်လုပ်သားအဖွဲ့ဟာ ကျောက်မီးသွေးတွင်းထဲဆင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ ပိတ်ပိနေသူ ၅ ဦထဲက မျိုးခိုင် (၃၀) နှစ် ရဲ့အလောင်းကို ကျင်းဝမှ ပေ ၄၀၀ လောက်အကွာမှာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကျန်ရှိ ပိတ်မိနေသူ ၄ ဦးအား ကယ်ထုတ်နိုင်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - မြို့နယ်ပြန်ဆက်