Home
မြန်မာသတင်း
မြို့ ၃ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်
DVB
·
August 30, 2018
water level 30-8-2018
ဒီနေ့မြန်မာစံတော်ချိန် ၁၄:၃၀ နာရီအချိန် တိုင်းထွာချက်အရ မြို့ ၃ မြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုကြဖို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၂ ပေလောက် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲလောက် ကျော်လွန်နေပြီး နောက် ၅ ရက် အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေလောက် ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် ၂ ရက်အတွင်း ပေ၀က်လောက်ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါတယ်။ ဒါကြောင့် မဒေါက်မြို့၊ တောင်ငူမြို့နယ်နဲ့ ဘားအံမြို့နယ်တွေအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ အကြံပြုထားပါတယ်။ ဓာတ်ပုံ - မိုးဇလ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013