ရန်ကုန်တွင် လူငယ်တဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီး
အေးနိုင်
·
August 18, 2018
ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ မူးယစ်တပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၁၇ ရက်နေ့ည ခြောက်နာရီခွဲခန့်က တောင်ဒဂုံမြို့နယ် အမှတ် ၂၆ ရပ်ကွက် အမှတ် ၂ လမ်းမ အေဘီစီစတိုးရှေ့မှာ ကိုသိန်းထူးအောင်ထံကနေ စိတ်ကြွဆေးပြား ၅၅ ပြားတွေ့ရှိဖမ်းဆီးခဲ့ပါတယ်။
မူးယစ်အထူးတပ်ဖွဲ့မှ ရဲမှူး စိုးနိုင်ပါ ပူးပေါင်းအဖွဲ့ဟာ ကိုသိန်းထူးအောင် ငှားရမ်းနေထိုင်တဲ့ သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်း အိမ်အမှတ် ၄၇၅ ငါးလွှာအခန်းမှာ ထပ်မံရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေ ထပ်မံရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။
ထပ်မံတွေ့ရှိတာတွေကတော့ စိတ်ကြွဆေးပြား ၉ ပြား၊ ဆေးခြောက် ၁၀ ဂရမ်နဲ့ အိုက်စ် ဒသမ ၃ ဂရမ်တို့ပဲဖြစ်ပါတယ်။
ကိုသိန်းထူးအောင်နဲ့အတူ ဇနီး မမျိုးပပတို့ကို တောင်ဒဂုံမြို့နယ် ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ပါတယ်။
သူတို့နှစ်ဦးကို တောင်ဒဂုံမြို့နယ်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၉ (က)/၂၁ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်။