Home
မြန်မာသတင်း
ဇူလိုင်လအတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုနှုန်း မြင့်တက်လာ
ရွှေအောင်
·
August 13, 2018
MIPS
၂၀၁၈ ဇူလိုင်လအတွင်း  မြန်မာပြည်တဝန်း တိုက်ပွဲ  ၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဇွန်လထက်စာရင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS)အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့်ရေး အချက်အလက်တွေအရ ဇူလိုင်လထဲမှာ  တပ်မတော်က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ)ရဲ့ အခြေစိုက်စခန်းတခုကို တိုက်ခိုက်ခဲ့ပြီး၊ ကေအိုင်အေကလည်း တပ်မတော် စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်မှာ  မြန်မာတပ်မတော်နဲ့ ရှမ်းပြည်ပြန်လည် ထူထာင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (RCSS/SSA ) တို့အကြား နယ်မြေ ထိန်းချုပ်မှုဆိုင်ရာ အငြင်းပွားမှုကို အကြောင်းပြုပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်မှာလည်း တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSPP/SSA)၊ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(RCSS/SSA)တို့ အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လထဲမှာတော့  နိုင်ငံတဝန်း တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ဇူလိုင်လမှာတော့ ၂၉ ကြိမ် ဖြစ်ပွားတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ် ပိုမို တိုးလာတာဖြစ်ပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လုံခြုံရေးဆိုင်ရာ အသွင်ကူးပြောင်းမှုတွေကို ပံ့ပိုးကူညီပေးဖို့ ဖွဲ့စည်းထားတဲ့ Myanmar Institute for Peace and Security (MIPS) အန်ဂျီအိုအဖွဲ့ဟာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုနှုန်းတွေကို လစဉ် ပုံမှန်ပြုစု ထုတ်ဝေပေးနေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-MIPS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013