ကသာမြို့တွင် အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
August 8, 2018
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ ဒီနေ့မနက်ပိုင်းက ငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် ၀၄ နာရီ ၀၉ မိနစ် ၅၁ စက္ကန့်အချိန်မှာ ကသာမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၁၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၅ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်ျ)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - မိုးဇလ