Home
မြန်မာသတင်း
အမြန်လမ်းတွင် အိမ်စီးကား ဘီးပေါက်ပြီး တိမ်းမှောက်၊ ၃ ဦး ဒဏ်ရာရ
DVB
·
July 22, 2018
car
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၉၁/၆ နဲ့ ၇ အကြားမှာ ဇူလိုင် ၂၁ ရက်မနက်က အနက်ရောင် အိမ်စီးကား ALPHARD ယာဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်ပါသူ ၃ ဦးလုံး ဒဏ်ရာရသွားတယ်လို့ သီးကုန်အမြန်လမ်း ရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ မန္တလေးကနေ နေပြည်တော်ဘက်ကို ကိုမြင့်ဟန် မောင်းလာတဲ့ 6J/8258 အနက်ရောင် အိမ်စီးကား ALPHARD ယာဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်တက်ကာ တဖက်ယာဉ်ကြောထဲမှာ တိမ်းမှောက်သွားတာပါ။ ကားပေါ်ပါလာသူ ယာဉ်မောင်း ကိုမြင့်ဟန်၊ မအက်စတာနဲ့ ရန်ပိုင်ထူးတို့ ၃ ဦးလုံး ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ သီးကုန်း အမြန်လမ်းရဲစခန်းတာဝန်ကျရဲအရာရှိက "သတင်းရရချင်း အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ဝင် ၈ ဦးနဲ့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ ကျန်းမာရေးအဖွဲ့တွေနဲ့ သွားခဲ့တယ်။ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ပွန်းပဲ့ဒဏ်ရာတွေရကြတယ်။ တပ်ဖွဲ့ပိုင်ကားနဲ့ပဲ မိတ္ထီလာဆေးရုံ ပို့ပေးရတယ် မစိုးရိမ်ရပါဘူး။ ကားကတော့ သိန်း ၂ဝ ဖိုးလောက် ပျက်တယ်ခန့်မှန်းတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်၍ မိမိနှင့်အခြားသူအား သာမန်/ပြင်းထန် ဒဏ်ရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ ယာဉ်မောင်း ကိုမြင့်ဟန်အား သီးကုန်းအမြန်လမ်း ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024