မင်းကင်းမြို့အနီး မြေငလျင်လှုပ်
DVB
·
May 28, 2018
မင်းကင်းမြို့အနားကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တခု ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မေလ ၂၈ ရက်၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၁၃ မိနစ်၊ ၁၈ စက္ကန့် အချိန်မှာ ကန့်ဘလူ မြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၅၄ မိုင်လောက် ကွာဝေးတဲ့ မြန်မာပြည်တွင်း၊ မင်းကင်းမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၀ လောက်အကွာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - မိုးဇလ