မိုးညှင်းမြို့အနီးမြေငလျင်လှုပ်ခတ်
DVB
·
May 7, 2018
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီးမှာ အင်အားရစ်ခ်ျတာစကေး(၄.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တခု မနေ့ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မေလ ၆ ရက် မြန်မာစံတော်ချိန် ၂၀နာရီ ၀၇ မိနစ် ၂၃ စက္ကန့် အချိန်မှာ ကသာမြေငလျင်စခန်းမှ မြောက်ဘက် ၃၅ မိုင်လောက် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (မိုးညှင်းမြို့ရဲ့ တောင်ဘက် (၇)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၄.၆၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၃) ဒီဂရီ၊ အနက် ၉ ကီလိုမီတာကို ဗဟိုပြုပြီးလှုပ်ခတ်သွားတာလို့ ဆိုပါတယ်။