ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကျူးကျော်နေထိုင်သူများ (ဓာတ်ပုံ)
DVB
·
May 4, 2018
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းဘေး ဝဲ-ယာမှာ ကျူးကျော်ဆောက်လုပ်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မေ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတလျှောက် လမ်းဘေး ဝဲ-ယာမှာ တရားမဝင် လူနေဈေးဆိုင်တွေ ဆောက်လုပ်နေထိုင် ရောင်းချနေမှုကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။
အမြန်လမ်းမကြီးမှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် တရားမဝင်ကျူးကျော် ဆောက်လုပ်နေထိုင်တဲ့ လူနေဈေးဆိုင်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ သိရှိဖို့နဲ့ လိုအပ်သလို ဆောင်ရွက်နိုင်ဖို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ အခုလို ဖော်ပြတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - ရဲဇာနည်