Home
မြန်မာသတင်း
ဒေါက်တာအေးမောင်ကို စွဲဆိုထားသည့် အမှုအားလုံး ချေဖျက်ပေးရန် လျှောက်လဲချက်တင်
DVB
·
May 3, 2018
Sittway Court
ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့ အမှုတွဲအားလုံး ချေဖျက်ပေးဖို့ ရခိုင်ပြည်နယ် တရားလွှတ်တော်ကို နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပေးလိုက်ပါတယ်။ ရခိုင်​ပြည်​နယ်​ ရ​သေ့​တောင်​မြို့ စာ​ပေ​ဟော​ပြောပွဲနဲ့ ပတ်​သက်​လို့ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့ အမှုအားလုံး ချေဖျက်ပေးဖို့ နှစ်ဖက် ရှေ့နေတွေဘက်က မေလ ၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ လျှောက်လဲချက် ပေးလိုက်တာပါ။ အခုလို လျှောက်လဲချက်ပေးလိုက်ပြီ ဖြစ်တာကြောင့် ရခိုင်ပြည်နယ် တရားလွှတ်တော်က အပြစ်ရှိ၊ မရှိ ဆိုတာကို မကြာခင် အဆုံးအဖြတ်ပေးရမှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးထွန်သာစိန်က ပြောပါတယ်။ ဒေါက်တာအေးမောင် ဟောပြောချက်တွေနဲ့ ပတ်သက်လို့ စွဲဆိုထားတဲ့ ပုဒ်မတွေဟာ အကျုံးမဝင်ဘူး ဆိုတာ ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ရှေ့နေတွေက လျှောက်လဲချက်တင်ခဲ့ပါတယ်။ လျှောက်လဲချက်တွေပေးတဲ့အခါမှာ ရှေ့နေတဦးက ပုဒ်မတခုနဲ့သာ လျှောက်လဲချက်ပေးရပြီး ရှေ့နေသုံးဦးလုံးက တပြိုင်တည်း ပုဒ်မသုံးခုလုံးကို ချေဖျက်ပေးဖို့ လျှောက်လဲချက်ပေးခဲ့တာပါ။ ဒေါက်တာအေးမောင် အမှုတွဲရဲ့ လျှောက်လဲချက်မှာ စားရေးဆရာဝေဟင်အောင် မပါဝင်ပေမယ့် စွဲဆိုထားတဲ့ အမှုအတူတူ ဖြစ်တာကြောင့် ဒီအမှုတွဲမှာ စာရေးဆရာ ဝေဟင်အောင်လည်း အကျုံးဝင်မှာဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီးပြီး အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024