Home
မြန်မာသတင်း
မြန်မာ့သတ္တုတူးဖော်လုပ်ငန်းများတွင် ကလေးလုပ်သား အသုံးပြုမှု လေ့လာတွေ့ရှိ
အာကာ
·
March 9, 2018
MCRB
မြန်မာနိုင်ငံတွင်း သတ္တုလုပ်ငန်းတွေရဲ့ သက်ရောက်မှုတွေကို ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာကို ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ မတ်လ ၈ ရက်က ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းဒေသကြီး၈ခုက သတ္တုလုပ်ငန်း ၄၀ ကျော်ကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က လေ့လာပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ မြန်မာပြည်ရဲ့သတ္တုလုပ်ငန်းတွေထဲကမှ အစီရင်ခံစာ ထုတ်ပြန်မှုနည်းပါးတဲ့ ထုံးကျောက်၊ ရွှေ၊ ခဲမဖြူ ထုတ်လုပ်မှုကဏ္ဍတွေကို  သုတေသနပြုခဲ့တာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ  သတ္တုလုပ်ငန်းတွေမှာ ကလေးလုပ်သား အသုံးပြုတာ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှု မရှိတာ၊ သတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေရဲ့ တာဝန်ယူ တာဝန်ခံမှု အားနည်းတာတွေ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာ့သတ္တုလုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ မူဝါဒနဲ့ ဥပဒေသစ်တွေ လိုအပ်နေပြီလို့လည်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။ ဒီအချက်တွေနဲ့ပတ်သက်ပြီး MCRB အဖွဲ့က အစိုးရ၊ ကုမ္ပဏီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း စတာတွေကို အကြံပြုချက်တွေ ပေးထားပြီး ဒီထဲမှာ အစိုးရအနေနဲ့ လက်ရှိကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့ ဥပဒေတွေကို အသစ်ပြဋ္ဌာန်းဖို့ လိုအပ်နေပြီလို့ MCRB ဒါရိုက်တာ ဗစ်ကီဘိုမန်းက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း သတ္တုလုပ်ငန်းတွေရဲ့ သက်ရောက်မှုတွေကို ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာကို MCRB က ၂၀၁၆ ကနေ လက်ရှိအချိန်ထိ လေ့လာဆန်းစစ်ပြီး ထုတ်ပြန်ခဲ့တာပါ။ မြန်မာ့သတ္တုကဏ္ဍနဲ့ပတ်သက်လို့ အခုထုတ်ပြန်တဲ့ အစီရင်ခံစာဟာ MCRB ရဲ့ စတုတ္ထမြောက် အစီရင်ခံစာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ-MCRB

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013