သက်ငယ်မုဒိမ်းမှု ပပျောက်ရေး မန္တလေးတွင် ကမ်ပိန်းပြုလုပ်
DVB
·
February 24, 2018
မန္တလေး မဟာအောင်မြေမြို့နယ် ၆၂ လမ်း ဗိုလ်ချုပ်ပန်းခြံရှေ့မှာ သက်ငယ်မုဒိန်းမှု လျော့နည်း ပပျောက်ရေးကမ်ပိန်းကို အွန်လိုင်းပရဟိ မိသားစုနဲ့ မန္တလေးအခြေစိုက် ပရဟိတမိတ်ဆွေတွေ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။
“၂၀၁၆/၂၀၁၇ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွင်း ၁၆ နှစ် အောက်ကလေးသူငယ်တွေကို မုဒိမ်းပြုကျင့်ခံရတာဟာ သက်ငယ်မုဒိမ်းမူ ၂၂၆ မူအထိ များပြားလာတာကြောင့် သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ လက်ကမ်းစာဆောင်တွေ၊ စတေကာတွေ ဝေငှတာတွေနဲ့ ကလေးငယ်တွေကို အသိပညာပေးနိုင်မို့ မျက်လှည့်ပြသခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အချိုရည်တွေမုန့်တွေကျွးမွေးမှုတွေ ပြုလုပ်ပြီး သက်ငယ်မုဒိန်းမှုတွေ တနိုင်ငံလုံးမှာ လျော့ပါးသွားဖို့ ရည်ရွယ်ပြီး ဒီနေ့ကမ်ပိန်းပွဲလေးကို ပြုလုပ်ခဲ့တာ”လို့ (ရဲ)ပရဟိတက ကိုမြတ်သူဟိန်းက ပြောပါတယ်။
သက်ငယ်မုဒိန်းလျော့ကျရေး ကမ်ပိန်းကို အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့တွေ၊ NGO အဖွဲ့တွေ၊ သက်ငယ်မုဒိမ်းပြုကျင့်ခံခဲ့ရတဲ့ ကလေးမိခင်တွေနဲ့ သက်ငယ်မုဒိမ်းမှုကို ဆန့်ကျင်ကျသူတွေ တက်ရောက်ခဲ့ကြပါတယ်။