မိုမိုတို့အတွက် ရင်တွင်းစကားသံ၊ တောဆင်ရိုင်း ကာကွယ်ထိန်းသိမ်းရေး ကမ်ပိန်းပြုလုပ်
DVB
·
November 4, 2017
မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ အရေခွံခွာယူရန်ဖို့ အတွက် တပတ်ကို တကောင်နှုန်း သတ်ဖြတ်ခံနေရတာနဲ့ပက်သက်ပြီး “မိုမိုတို့အတွက် ရင်တွင်းစကားသံ” လို့အမည်ပေးထားတဲ့ လူထုလှုပ်ရှားမှု ကမ်ပိန်းတစ်ခုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မှာ ၃ ရက် ပြုလုပ်နေပါတယ်။
အခုလို နှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် ၂၀၃ဝ ၊ ၂၀၃၅ အရောက်မှာ မြန်မာ့တောဆင်ရိုင်းတွေ ပျောက်ကွယ်သွားနိုင်တယ်လို့ ဆင်အရေးနဲ့ ပတ်သက် ဆောင်ရွက်နေသူတွေက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ကစပြီး ၆ ရက်နေ့ထိ ပြုလုပ်မယ့် ဒီကမ်ပိန်းမှာ ဆင်ရုပ်တွေကိုပြသပြီး ဆင်တွေနဲ့ လူတွေနဲ့ ဖြစ်ပွားလေ့ရှိတဲ့ ပဋိပက္ခတွေနဲ့ပက်သက်ပြီး ပညာပေးလက်ကမ်း စာစောင်တွေကို လိုက်လံဝေငှနေပါတယ်။
ကမ်ပိန်းကို ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသင်း(BANCA)၊ နိုင်ငံတကာတောရိုင်း တိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့(FFI) မြန်မာ၊ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးမိတ်ဆွေများအသင်း (FOW)/Grow Back For Posterity (GBP) သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS /ကမ္ဘာလုံးဆိုင်ရာသဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF)/တို့က ပူးပေါင်းလုပ်ဆောင်နေတာပါ။
သတင်းနှင့်ဓာတ်ပုံ-ပြည့်ဘုန်းအောင်