HIV/AIDS ပညာပေးလှုပ်ရှားမှု မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်
ပြည့်ဘုန်းအောင်
·
February 15, 2018
HIV/AIDS မဖြစ်ပွားရအောင်နဲ့ လူငယ်တွေကြား ကွန်ဒုံး ကျယ်ပြန့်စွာအသုံးပြုနိုင်ဖို့ HIV/AIDS ရောဂါ အသိပညာပေးလှုပ်ရှားရေးအဖွဲ့ ၆ ခုက စုပေါင်းပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို AIDS Healthcare Foundation က ဦးဆောင်ကျင်းပတာဖြစ်ပြီး နှစ်သိမ့် ဆွေးနွေးပေးတာတွေ၊ သွေးစစ်ပေးတာတွေ၊ ကွန်ဒုံး အသုံးပြုတာတွေနဲ့ ပတ်သက်လို့ ပြခန်းတွေ ဖွင့်လှစ်ပြသရှင်းပြခဲ့သလို ကွန်ဒုံး အရေအတွက် သုံးသောင်းလောက်လည်းအခမဲ့ ဝေငှခဲ့ပါတယ်။