Home
မြန်မာသတင်း
မြန်မာ့လက်ရာပွဲတော် စိမ်းလန်းစိုပြေဥယျာဉ်တွင် ကျင်းပ
ထွန်းထွန်းသိန်း
·
February 11, 2018
green6
green5
green4
green3
green2
green
green1
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှုးကျင်းပတဲ မြန်မာ့လက်ရာပွဲတော် ကို ဖေဖော်ဝါရိ ၁၁ ရက်နေ့က ရန်ကုန်မြို့စိမ်းလန်းစိုပြေဥယျာဉ်မှာ ဖွင့်ပွဲကျင်းပခဲ့ပါတယ်။ မြန်မာတိုင်းရင်းသားတွေရဲ့ မြတ်နိုးဖွယ် လက်မှုပစ္စည်းများ ထုတ်လုပ်မှု အဆင့်ဆင့်ကို ပြခန်း (၁၂) ခန်း ခင်းကျင်းပြသနေပါတယ်။ အမရပူရ ချည်ထည်နဲ့ပိုးထည်၊ လွန်းရာကျော် ယက္ကန်းလုပ်ငန်း၊ အင်းလေး ကြာထည်နဲ့ ပိုးထည်လုပ်ငန်း၊ ကချင်ရိုးရာ ဂျပ်ခုပ်လုပ်ငန်း၊ ကယန်း-ပဒေါင်ရိုးရာ ဂျပ်ခုပ်လုပ်ငန်း၊ ချင်းရိုးရာ ဂျပ်ခုပ်လုပ်ငန်း၊ ရခိုင်ရိုးရာ ရွှေပန်းထိမ်လုပ်ငန်း၊ စစ်ကိုင်းရွာထောင် ငွေထည်လုပ်ငန်း ၊မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်း၊ ကယားရိုးရာ တောင်းယက်လုပ်ငန်း၊ မွန်ရိုးရာ ဆေးတံနဲ့ ကျောက်သင်ပုန်းလုပ်ငန်း၊ ကရင်ရိုးရာဖိနပ်ချုပ်လုပ်ငန်းတွေရဲ့ ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့ ပြသခဲ့ကြတာပါ။ ဒီပွဲတော်ကို ဖေဖော်ဝါရီ ၁၁၊ ၁၂၊ ၁၃ ကျင်းပမှာဖြစ်ပြီး ပွဲတော် ဖွင့်ပွဲနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဝင်ကြေးအခမဲ့ ဝင်ခွင့်ပြုခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013