Homeမြန်မာသတင်း
၂၀၁၈ ခုနှစ်ထဲ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ် ထွက်ရှိနိုင်မှာပါ - ဦးအောင်ကို(ရုပ်သံ)
၂၀၁၈ ခုနှစ်ထဲ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ် ထွက်ရှိနိုင်မှာပါ - ဦးအောင်ကို(ရုပ်သံ)
DVB
·
February 9, 2018
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ် အခုနှစ်အတွင်းမှာ ထုတ်ဝေမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
“အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းရဲ့ မူရင်းအတ္ထုပ္ပတ္တိစာအုပ်ကို ၁၉၅၄ ခုနှစ်လောက်ထဲက ပါလီမာန်အစိုးရခေတ်က စရေးပါတယ်။ ရေးတုန်း မပြီးမြောက်ခင်မှာ ၆၃ ခုနှစ်မှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး ဆိုင်းငံ့ထားခြင်း ခံထားရပါတယ်။ အဲဒီလိုနဲ့ ၁၉၈၈-၈၉ မှာလည်း နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးတော့မှ နောက်ဆက်ဆိုင်းငံ့ထားခြင်းခံထားရပါတယ်။ အခုဒီမိုကရေစီ အစိုးရခေတ် လက်ထက်ရောက်ခါစမှ တာဝန်ပေးလို့ဆိုတာထက် ပြည်သူတွေက တောင်းဆိုလို့ သမိုင်းပညာရှင်တွေက တောင်းဆိုလို့ အခုပြန်ရေးလိုက်ပါတယ်။ ရေးတဲ့အခါမှာလည်း ပြည်တွင်းမှာရှိတဲ့ ရနိုင်သမျှ အထောက်အထားအချက်လက်တွေ၊ ပြည်ပမှာရှိတဲ့ အချက်လက်တွေ၊ အိန္ဒိယကအချက်လက်တွေ၊ ထိုင်းနိုင်ငံက အချက်လက်တွေ အကုန်စုတောင်းပြီးမှ သမိုင်းအဖွဲ့က ရေးတဲ့အခါ မူကြမ်းရာနှုန်းပြည့် ပြီးပြီမို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံတင်ထားပါတယ်။ သူလည်း ဒီလောက်လုပ်ငန်းတာဝန်များပြားတဲ့ ကြားထဲကကို ညစဉ် သူနိုင်သမျှ ဆယ်မျက်နှာပြီး ဆယ်မျက်နှာ၊ ငါးဆယ်ပြီး ငါးဆယ်၊ ဖတ်ရှုပြီးမှ Edit လုပ်နေပါတယ်။ အခုဆိုရင် တ၀က်ကျော်လောက်ပြီးပြီလို့ သိရပါတယ်။ ကျနော် ထင်ပါတယ် ၂၀၁၈ ခုနှစ်ထဲမှာ သမိုင်းအထောက်အထား အချက်လက်တွေ ပြည့်စုံတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိစာအုပ်က ထွက်ရှိနိုင်မှာပါ။”