ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနှင့်ဗိမာန်ဖြစ်မြောက်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲ လုပ်မည်
DVB
·
January 19, 2019
ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနဲ့ ဗိမာန်တော်ဖြစ်မြောက်ဖို့ ရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်ဖို့ ဇန်နဝါရီ ၁၈ ရက်နေ့က မန္တလေးတောင်ခြေရှိ စန္ဒာမုနိဘုရားအရှေ့မုဒ်ပရဝုဏ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ Yadanarbon Event Park မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။
ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ လက်မှတ်ခတွေကို ကျပ် ၂၅ဝဝဝ၊ ၁၅ဝဝဝ၊ ၁ဝဝဝဝ၊ ၅ဝဝဝ ကျပ်နဲ့ ရောင်းချသွားမှာပါ။
ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုကို အမြင့် ၁၂ ပေ ထိုင်ခုံအမြင့် ၁ ပေ အောက်ခံခုံအမြင့် ၂ပေ စုစုပေါင်း အမြင့် ၁၅ ပေနဲ့ ထုဆစ်သွားမှာဖြစ်ပြီး တန်ချိန် ၅၀ လောက်ရှိတဲ့ တတုံးတည်းသော စကျင်ကျောက်တုံးနဲ့ ထုဆစ်သွားမှာလည်းဖြစ်ပါတယ်။