Home
မြန်မာသတင်း
ဖားကန့်၌ မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ၃ ဦး သေဆုံး
DVB
·
February 3, 2018
phar kant
ကချင်ပြည်နယ်၊ ဖားကန့်မှာ မြေစာပုံပြိုကျလို့ ရေမဆေးရှာသူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းက ဖားကန့်မြို့နယ်၊ ဆိုင်းရာရွာသစ် ကျေးရွာအနီး ယူနဒီကျောက်မျက် ကုမ္ပဏီလုပ်ကွက်မှာ အမြင့်ပေ ၅၀ လောက်ရှိတဲ့ မြေစာပုံပြိုကျခဲ့တာပါ။ စွန့်ပစ်မြေစာတွေကို ဘက်ဟိုးယာဉ် ၁ စီးနဲ့ တူးဖော်ခဲ့ရာမှာ ရေမဆေးကျောက်ရှာဖွေသူ အသက် ၂၃ နှစ်အရွယ် နေလနဲ့ နောက် ၂ ယောက်ကို ဦးခေါင်းပိတဲ့ ဒဏ်ရာ၊ ကွဲတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်ကလည်း လုံးခင်း၊ မလောင်းရွာနားက လုပ်ကွက်တခုမှာ မြေစာတွေ ပြိုလာလို့ ရေမဆေးရှာသူတယောက် ထွက်ပြေးရာမှာ ခလုတ်တိုက်လဲကျပြီး ကိုင်ဆောင်လာတဲ့ သံတူရွင်းနဲ့ ဗိုက်ကို ထိုးမိပြီး သေဆုံးခဲ့ပါသေးတယ်။ ဒီအမှုတွေကို လုံးခင်း နယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့် စုံစမ်းနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013