Home
မြန်မာသတင်း
ဖားကန့်တွင် မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာသူ ၅ ဦး သေဆုံး
DVB
·
January 7, 2018
farcant
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါကျေးရွာ ကျောက်စိမ်းလုပ်ကွက်မှာ ဇန်နဝါရီ ၆ ရက်နေ့ မနက် ၃ နာရီလောက်က မြေပြိုကျမှုကြောင့် တရားမဝင် ရေမဆေးကျောက်ရှာဖွေနေတဲ့ ရေမဆေးကျောက် တူးဖော်သူ ၅ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အခင်းဖြစ် နေရာမှာ ၃ ဦး၊ ဝေခါ ကျေးလက်ကျန်းမာရေးဆေးခန်းမှာ ၁ ဦး၊ ဖားကန့် ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ ၁ ဦး အားလုံး ၅ ဦး သေဆုံးခဲ့တယ်လို့ ဝေခါ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတဦးက အတည်ပြုပြောကြားခဲ့ပါတယ်။ “နေ့လယ် ၁ နာရီအထိ အလောင်းရှာဖွေတာတွေ ကျနော်တို့လုပ်ခဲ့တယ်။ ဘာမှထပ်မတွေ့တော့ဘူး။ အားလုံး ၅ ဦးသေဆုံးခဲ့တယ်” လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က အတည်ပြုပြောကြားခဲ့ပါတယ်။ ဇန်နဝါရီ ၄ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက် မော်မောင်းဘွမ်မှော်မှာလည်း ဂျိတ်လန်း ကုမ္ပဏီရဲ့ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးယံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၆ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာဖွေသူ ၁ သိန်းဝန်းကျင်လောက်ရှိပြီး နှစ်စဉ်မြေစာပုံပြိုကျမှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံးနေပါတယ်။ ဇော်မိုးထက် ( ဖားကန့် )

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013