Home
မြန်မာသတင်း
ကျောက်တံခါးမြို့တွင် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွား
DVB
·
January 4, 2018
rape
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာမှာ အသက်ကိုးနှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ဖို့ ကြံစည်မှုနဲ့ အမျိုးသားတဦးကို ကျောက်တံခါး မြို့မရဲစခန်းက ဖမ်းဆီး စစ်ဆေးနေပါတယ်။ မိခင်က အပြင်မှာ အုတ်သွားဖုတ်နေစဉ် ဒုတိယတန်းကျောင်းသူ သမီးငယ်ကို အိမ်မှာ အဘွားနဲ့ ထားခဲ့ကြောင်းနဲ့ အဘွားနဲ့ အဘွားမိတ်ဆွေက ကလေးကို အိမ်ရှေ့အိမ်မှာ ဘောင်းဘီသွားယူခိုင်းချိန်မှာ အခင်းဖြစ်ပွားခဲ့တာလို့ ရဲက ပြောပါတယ်။ ကျောက်တံခါး မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက “ကလေးမလေး ညဝတ်ဘောင်းဘီ ရှာနေတဲ့အချိန်မှာ အခုကြံစည်တဲ့သူက အိမ်ပေါ်တက်လာပြီး ကလေးမလေးကို တွန်းလှဲပြီး ကြံစည်တာပေါ့။ အဲဒီမှာ ကလေးမလေးက အော်တော့ ဘေးက လူတွေလာတော့ အဲဒီကောင်က ထွက်ပြေးသွားတယ်။ မိဘက အလုပ်သွားလုပ်နေတော့ ၂ ရက်နေ့မှာ သူ့အမေ ရောက်လာပြီး အဲဒီကိစ္စကို စခန်းမှာ လာပြီးအမှုဖွင့်တာပါ။ တရားခံကိုလည်း ဖမ်းထားပြီး စစ်ဆေးနေပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ကျောက်တံခါး မြို့မရဲတပ်ဖွဲ့စခန်းက အဓမ္မပြုကျင့်ဖို့ ကြံစည်သူ ကိုမြင့်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ (အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှု) နဲ့ ဖမ်းဆီး အရေးယူထားပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013