Home
မြန်မာသတင်း
ဟင်္သာတမြို့နယ်တွင် လက်လုပ်ဗုံးအတုဖြင့် ခြိမ်းခြောက်ငွေတောင်းခံမှု ဖြစ်ပွား
DVB
·
December 21, 2017
mine
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ညပိုင်းက လက်လုပ်ဗုံးအတု ပြုလုပ်ပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဟင်္သာတမြို့နယ်၊ အင်္ဂဗိုလ်လမ်းမှာရှိတဲ့ ရွှေခြင်္သေ့စက်သုံးဆီဆိုင်မှာ အမည်မသိသူတဦးက လက်လုပ်ဗုံးအတုတလုံးကို ထားခဲ့ပြီး ဆိုင်ရှင်ကို ဖုန်းဆက်ကာ အများပြည်သူ ဒုက္ခမရောက်စေချင်ရင် ငွေကျပ် သိန်း ၂၀၀ ပေးဖို့ ခြိမ်းခြောက် ငွေ တောင်းခံခဲ့တယ်လို့ ဆိုင်ရှင်ရဲ့ တူမဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။ ကြွပ်ကြွပ်အိတ် အနက်ရောင်နဲ့ ထုပ်ပိုးထားတဲ့ လက်လုပ်ဗုံးကို စက်သုံးဆီဆိုင်ထောင့်မှာ ထားရှိခဲ့တာဖြစ်ပြီး ဆိုင်ရှင်ဖြစ်သူက ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့တာကြောင့် ဌာနဆိုင်ရာတွေ ရောက်ရှိလာပြီး အဆိုပါအထုပ်ကို ကားတာယာတွေနဲ့ ကာရံပြီး စစ်ဆေးကြည့်တဲ့အခါမှာတော့ ဘက်ထရီအိုးနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံးအတု ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၃၈၆ ခြောက်လှန့် တောင်းယူမှုနဲ့ အမှုဖွင့်လှစ်ပြီး ဖုန်းဆက်သွယ်တဲ့ အထောက်အထားတွေ၊ အနီးအနား ပတ်ဝန်းကျင်က စီစီတီဗွီ မှတ်တမ်းတွေကို စစ်ဆေးကာ တရားခံဖမ်းမိရေး ကြိုးစား ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးကြီးခင်မောင်လတ်က ပြောပါတယ်။ သတင်း - ကိုကြက်(ဟင်္သာတ)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013