Home
မြန်မာသတင်း
၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ရန်ကုန်တွင် ကျင်းပ
DVB
·
December 15, 2017
rak
၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။ ရန်ကုန်မှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ တစုတစည်းတည်း တွေ့ဆုံပြီး တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ခင်ဖို့နဲ့ တိုင်းရင်းသားတွေအနေနဲ့ ရခိုင်ပြည်နယ်နေ့ကို တန်ဖိုးထားတတ်စေဖို့ ရန်ကုန်မြို့မှာ ကျင်းပတာ ဖြစ်ပါတယ်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက ကြီးမှူးပြီး ရခိုင်လူမှုအသင်းအဖွဲ့တွေ စုပေါင်းကျင်းပတာပါ။ အဲဒီအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး စာပေယဉ်ကျေးမှုကဏ္ဏနဲ့ ရခိုင်ပြည်နယ်တိုးတက်ရေး လုပ်ငန်းတွေမှာ အဘက်ဘက်ကနေ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသား သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို ရခိုင်တံခွန်ဆု၊ ရခိုင်ဂုဏ်ဆောင်ဆုနဲ့ ဂုဏ်ပြုလက်မှတ်တွေကို ချီးမြှင့်ခဲ့ပါတယ်။ ၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ သံဃာတော်တွေ၊ ဆုရပုဂ္ဂိုလ်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။ သတင်းဓာတ်ပုံ- ဆုဆုသွယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013