ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပ(ဓာတ်ပုံ)
နေဖြိုးဝင်း
·
October 30, 2017
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဒီကနေ့ မနက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပနေပါတယ်။
အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောပြီး EAO-UPDJC အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ UPDJC ဒုတိယဥက္ကဌ ဦးသုဝေတို့ကလည်း အမှာစကားပြောကြားခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ ၂၁ ရာစုပင်လုံ တတိယအစည်းဝေးမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ့် နေရာနဲ့ ကျင်းပမယ့်ပုံစံ သတ်မှတ်ရေးတွေ၊ ကော်မတီမှာ ဆွေးနွေးမယ့် စာတမ်းတွေနဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ ကို ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းမယ့် ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။