Home
မြန်မာသတင်း
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် ဒီပီအန်အဖွဲ့ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေး
DVB
·
April 28, 2017
DPN
ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ ခူးဦးရယ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ ယူအန်အက်ဖ်စီရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်)တို့ ဒီကနေ့မနက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေး နေကြပါတယ်။ ဒီဆွေးနွေးပွဲမှာ  ပြီးခဲ့တဲ့ စတုတ္ထအကြိမ်တွေ့ဆုံစဉ်က  အန်စီအေလက်မှတ်ထိုးနိုင်ဖို့ မူအရသဘောတူခဲ့တဲ့ ဒီပီအန်ရဲ့ အဆိုပြုချက် (၉) ချက်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးတက်ရောက်ရေးကိစ္စတွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ယူအန်အက်ဖ်စီရဲ့ဆိုပြုချက် ၉ ချက်ထဲက အမှတ် ၃၊ ၄၊ ၅၊ ၆၊ ၇ အချက်တွေမှ မူလအဆိုပြုချက်ကို လက်မခံတဲ့အတွက် ဒီပီအန်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်တို့ ပြန်လည်ဆွေးနွေးတာလို့  ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013