Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် ကိုရင်တပါး ရေနစ်သေဆုံး
DVB
·
October 29, 2017
koyin
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၊ သံပုရာကန်ရွာ၊ သံပုရာကန်ဘုန်းကြီးကျောင်း မြောက်ဘက်ရှိ ရေကန်ထဲမှာ အောက်တိုဘာ ၂၈ ရက်မနက်က ကိုရင် ကာရုည (ခ) အောင်ကျော်ဇော ရေနစ်သေဆုံးတယ်လို့ နှောကန်ရွာရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ သံပုရာကန်ရွာနေ အသက်၁၂ ရှိ ၆ တန်းကျောင်းသား ကိုရင်ကာရုညနဲ့ သူငယ်ချင်းတွေ ဆွမ်းစားပြီး ဘုန်းကြီးကျောင်း မြောက်ဘက်ရှိတဲ့ ရေကန်ထဲ ရေချိုးဆင်းကြရင်း ရေနစ်သေဆုံးပါတယ်လို့ နှောကန်ရွာရဲစခန်းက ပြောပါတယ်။ နှောကန်ရွာရဲစခန်းမှူး ရဲအုပ်အေးမင်းထွန်းက “ကိုရင်ဝတ်နဲ့ပဲ ကျွဲခြံရွာအထက်တန်း ကျောင်းမှာ ကျောင်းတက်နေတယ်။ ကိုရင်ရေနစ်တော့ သူငယ်ချင်း ကိုရင်တွေက ဝိုင်းအော်ကြ တယ်။ အနီးအနားရှိတဲ့ လူတွေက ဆယ်ကြပေမယ့် သေဆုံးသွားလို့ မလှိုင်ဆေးရုံပို့ပေးရတယ်။ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး” လို့ ပြောပါတယ်။ နှောကန်ရွာရဲစခန်းမှာ သေမှုသေခင်းအ မှတ်စဉ် ၄/၂၀၁၇ နဲ့အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013