Home
မြန်မာသတင်း
ပြွန်တန်ဆာမြို့တွင် ၂၂ ဘီးကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး
DVB
·
October 8, 2017
22222061_1789056098053757_3446775941100942190_n
  ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့မှာ အောက်တိုဘာ ၇ ရက် နေ့လယ် ၃ နာရီအချိန်လောက်က ၂၂ ဘီးကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာမှ ၁ ဦး သေဆုံးခဲ့တယ်လို့ ပြွန်တန်ဆာနယ်မြေစခန်းမှ သိရပါတယ်။ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၁/၅ အနီးမှာ ရန်ကုန်ကနေ မန္တလေးဘက် အမည်မသိအမျိုးသားတဦး မောင်းနှင်လာတဲ့ TURBO ဆိုင်ကယ်နဲ့ မန္တလေးကနေ ရန်ကုန်ဘက် ယာဉ်မောင်းသိန်းလွင်ဦး (ထောက်ကြံ့မြို့နေသူ) မောင်းနှင်လာတဲ့ ၂၂ ဘီး ယာဉ်တို့ ကားလမ်းအလယ်မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် အမည်မသိ ဆိုင်ကယ်ယာဉ်မောင်းမှာ ဦးခေါင်းထိပ်ကွဲကြေ ဝဲဘက်ပါး ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ပြွန်တန်ဆာနယ်မြေစခန်းမှ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တို့ကို မဆင်မခြင်မောင်းနှင်ပြီး မျက်နှာချင်းဆိုင်တိုက်မိသေဆုံးသူ အမည်မသိ ဆိုင်ကယ်ယာဉ်မောင်းနဲ့ ၂၂ ဘီးယာဉ်မောင်းတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024