ပဲခူးမီးပွိုင့်တွင် ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွား
DVB
·
September 17, 2017
ပဲခူးမြို့၊ မဇင်းမီးပွိုင့်မှာ စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီလောက်က ၁၂ ဘီကားတစီးဟာ တဖက်ယာဉ်ကြောက လာနေတဲ့ ဆိုင်ကယ်တစီးနဲ့ ကားတစီးကို ဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့  အမှတ် ၂ နယ်မြေရဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် မွန်းတဲ့ချိန်က ရန်ကုန်- မန္တလေးကားလမ်း ပဲခူးမြို့ မဇင်းမီးပွိုင့်မှာ ရန်ကုန်ဘက်ကနေ ယာဉ်မောင်း ဌေးမြင့်အောင် မောင်းနှင်လာတဲ့ ၁၂ ဘီးကား ဟာ အရှိန်မထိမ်းနိုင်ဘဲ တဖက်ယာဉ်ကြောက လာနေတဲ့ ဆိုင်ကယ်တစီး နဲ့ ALPFARD ကားတစီးတို့ကို ဆက်တိုက် ၀င်ရောက်တိုက်မိသွားတယ်လို့ သိရပါတယ်။
“ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မှာ ရှေ့ယာဉ်အုံကွဲတာတွေ အင်ဂျင်ကွဲတာတွေအပြင် ကာဘာတွေလည်း ကွဲပဲ့ကုန်ပါတယ်။ ဒါ့အပြင့် ALPFARD ကားကတော့ ရှေ့ ခြမ်းပိန်ချိုင့်၊ ရှေ့မှန်ကွဲ၊ ရှေ့ဘားတန်းတွေ နဲ့ မီးခွက်တွေ ကွဲကုန်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူး” လို့ အမှတ် ၂ ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ထွန်းအောင်နိုင် ကပြောပါတယ်။
ယာဉ်မဆင်မခြင် မောင်းနှင်သူ ၁၂ ဘီး ယာဉ်မောင်း ဌေးမြင့်အောင်ကို အရေးယူပေးဖို့ ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး ရဲအုပ် စည်သူထွန်းက တရားလိုပြုလုပ်တိုင်တန်းခဲ့လို့ ပဲခူးမြို့အမှတ်(၂) နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၇၉ နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူ ထားတယ်လို့ သိရပါတယ်။
အောင်စိုးမိုး