စစ်တွေသို့ ထွက်ပြေးလာသည့် ဟိန္ဒူဘာသာဝင်များ အကူအညီလိုအပ်နေ
DVB
·
September 4, 2017
အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မောင်တော-ဘူးသီးတောင် ဒေသက စစ်တွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဟိန္ဒူဘာသာဝင် ၄၀၀ ဝန်းကျင်ရှိနေပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကို လက်ရှိမှာ စစ်တွေမြို့ ဆရီ ဆရီမိုဟာဒေဗ့် ဘာရီ (မဟာသီဝ) ဟိန္ဒူဘုရားရှိခိုးကျောင်းမှာခိုလှုံနေပြီး စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းအထိ ဒုက္ခသည် လူဦးရေစာရင်းတွေကတော့ အိမ်ထောင်စု ၈၅ စု၊ ကျား ၂၃၂ ဦးနဲ့ မ ၂၁၇ ဦး စုစုပေါင်း ၄၄၉ ဦးရှိနေပါတယ်။
လက်တလောစားဝတ်နေရေးတွေကို အလိုတော်ပြည်ဆရာတော်နဲ့ ပြည်နယ်အစိုးရ အပါအဝင် ရခိုင့်လူမှုအဖွဲ့ အစည်းတွေက ကူညီပေးနေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် ဒုက္ခသည် လူဦးရေ တိုးလာတာကြောင့် နေရေးထိုင်ရေး၊ အိပ်ဖို့နေရာထိုင်ခင်းတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ ဦးဘုလှရွှေက ဒီဗွီဘီကိုပြောပါတယ်။
သတင်း- ဝဏ္ဏခွာညို